မိန်းမပျိုလေးတစ်ဦးကို ယောက်ျားပျိုလေးတစ်ဦးက...
“မင်းကို ကိုယ် လက်ထပ်ချင်ပါတယ်၊ လက်ထပ်ခွင့်
ပေးပါကွယ်”
“ရှင်နဲ့ ကျွန်မတွေ့တာ နှစ်ခါပဲရှိသေးတယ်လေ။
သိကျွမ်းတာ နှစ်ခါပဲရှိသေးတယ်၊ လက်ထပ်ချင်တယ်ဆိုတော့
မလွန်ဘူးလားရှင်”
“မလွန်ပါဘူးခင်ဗျာ၊ ခင်ဗျားကို ကျွန်တော် သိနေတာ
ကြာပါပြီ”
“ဘယ်လို ... ဘယ်လို”
“မင်း ဘဏ်မှာ ငွေတွေအများကြီး ခဏခဏလာအပ်
နေကတည်းကပါ၊ ကိုယ်က အဲဒီဘဏ်ရဲ့ဧည့်ကြိုလေ´ဟူ၏။
မိန်းမပျိုတစ်ဦးသည် မြို့ထဲသို့ အလည်အပတ်ထွက် ရန် ပြင်ဆင်နေစဉ် မိခင်ဖြစ်သူက “သမီးက ဘယ်ကိုသွားမလို့လဲကွယ်၊ ရာသီဥတုတွေ က ကြည်ကြည်လင်လင်ရှိတာမှ မဟုတ်ဘဲ” “ဂျင်မီနဲ့ ချိန်းထားလို့ပါ မေမေ၊ သူနဲ့ လျှောက်လည် ကြမလို့ပါ” “သတိထားနော် သမီး၊ မိုးများရွာမလားမသိဘူး၊ အမေလည်း သမီးအရွယ်တုန်းက ယောက်ျား လမ်းမှာ ယောက်ျားကလေးသူငယ်ချင်းနဲ့စောင့်ရင်းနဲ့ မိုးစုန်းစုန်းချုပ်သွားတယ်။ အိမ်ကိုမပြန်ရဲဘဲ သူခေါ် ရာနောက်ကို အမေ တစ်ခါတည်း လိုက်သွားခဲ့တယ်၊ သမီး လည်း အမေ့လိုအဖြစ်မျိုး ကြုံတတ်တယ်နော်၊ ဒီနေ့ မိုးလေ မကင်းရှင်းဘူး” သမီးဖြစ်သူက ဖြည်းလေးစွာ ပြန်လည်ပြောဆိုလိုက် လေသည်။ “စိတ်ချပါ အမေရယ်၊ ဒီနေ့ ရာသီဥတု သာယာမှာပါ မေမေရယ်၊ မိုးမရွာနိုင်ပါဘူး၊ သမီးကိုချိန်းထားတဲ့ယောက်ျား ကလေးက မိုးလေဝသဌာနကပါ မေမေ´ဟူ၏။
Comments
Post a Comment