မိန်းမပျိုလေးတစ်ဦးကို ယောက်ျားပျိုလေးတစ်ဦးက... “မင်းကို ကိုယ် လက်ထပ်ချင်ပါတယ်၊ လက်ထပ်ခွင့် ပေးပါကွယ်” “ရှင်နဲ့ ကျွန်မတွေ့တာ နှစ်ခါပဲရှိသေးတယ်လေ။ သိကျွမ်းတာ နှစ်ခါပဲရှိသေးတယ်၊ လက်ထပ်ချင်တယ်ဆိုတော့ မလွန်ဘူးလားရှင်” “မလွန်ပါဘူးခင်ဗျာ၊ ခင်ဗျားကို ကျွန်တော် သိနေတာ ကြာပါပြီ” “ဘယ်လို ... ဘယ်လို” “မင်း ဘဏ်မှာ ငွေတွေအများကြီး ခဏခဏလာအပ် နေကတည်းကပါ၊ ကိုယ်က အဲဒီဘဏ်ရဲ့ဧည့်ကြိုလေ´ဟူ၏။
Comments
Post a Comment